Politics, Law & Military
သြင်္ကန်ကာလအတွင်း သတိပြုရှောင်ကြဉ်ရမည့်အချက်၁၂ ချက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
သြင်္ကန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်၁၂ ချက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ရှောင်ကြဉ်ရမည့် အချက်များမှာ သြင်္ကန်ပွဲတော်အတွင်း အရက်သေစာ လွန်ကဲစွာ သောက်စား
မူးယစ်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်း၊တုတ်၊ ဓား လက်နက်များ ဝှက်သိမ်းကိုင်ဆောင်ခြင်း၊ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း၊မြန်မာ့ယဉ်ကျေးမှု နှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ မသိသောသူတို့မှ ကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်း၊ အချိန်လွန် ရေပက်ကစားခြင်းနှင့် လည်ပတ်ခြင်း၊ရေပက်ကစားပြီး နားသည့်အချိန်၌ ဆိတ်ကွယ်ရာ၌ အနားယူခြင်း၊
အရက်သေစာ၊မူးယစ်ဆေးဝါးသောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊သြင်္ကန်ကာလအတွင်း အရက်မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊ရေကစားရာတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အများအမြင်တွင်
မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများ နှင့် ရေပက်ကစားခြင်း တို့အားရှောင်ကြဉ်ရန် ထုတ်ပြန်ခဲ့သည်။ (Xinhua)