Connect with us

Politics, Law & Military

၂၁ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

၇၂နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

၂၁ ရာစု စစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲတွင် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ၂၁ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောင်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေး နဲ့ ဘက်စုံဖွံ့ဖြိုးရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ စွမ်းရည်ထက်မြက်ပြီး ခေတ်မီတဲ့ တပ်မတော်ဖြစ်အောင် တည်ဆောက်သွားကြရမယ်’’ ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ခေတ်သည် သိပ္ပံ နှင့် နည်းပညာသာမက သတင်းဆက်သွယ်ရေးနည်းပညာ (ICT) များ လျင်မြန်သည့် အရှိန်အဟုန် နှင့် တိုးတက်လာသည့်အတွက် စစ်မှုရေးရာများလည်း ပြောင်းလဲလာခဲ့ကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲများသည် အကန့်အသတ်အတားအဆီးမဲ့ပုံစံ နှင့် အရပ်မျက်နှာအမျိုးမျိုး မှ ပုံသဏ္ဍာန်မျိုးစုံ နှင့် ပုံဖော်တိုက်ခိုက်လာမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲအောင်နိုင်ရန်အတွက် သတင်းဆက်သွယ်ရေး နည်းပညာများ၊ စက်မှုနည်းပညာများ အဆင့်မီသင်ကြားတတ်မြောက်ထားရမည်ဖြစ်ကြောင်း၊ နည်းပညာများ နှင့်လိုက်လျောညီထွေ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများအား လေ့လာနေရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

၇၂နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် စစ်သမီးများအားတွေ့ရစဉ် (ဆင်ဟွာ)

၇၂နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၇၂နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၇၂နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပေးထားသလို နိုင်ငံတော်ကာကွယ်ရေးအတွက် စိတ်ဝင်စားသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုလည်း တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC များ ဖွင့်လှစ်၍ အခြေခံစိတ်ပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တပ်မတော်သည် ပြည်သူကြားကပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည့်အတွက် ပြည်သူ့အကျိုးကို သယ်ပိုးကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်အနေဖြင့် နိုင်ငံတော် နှင့် ပြည်သူတို့ အကျိုးစီးပွားကို ရှေးရှုလျက် အမျိုးသားရေးတာဝန်ဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို ထိပါးလာပါက တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.