Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
သြင်္ကန်ပွဲတော်တွင်ရဲဝန်ထမ်းများ အချိန်ပြည့် လုံခြုံရေးဆောင်ရွက်လျက်ရှိ - Xinhua News Agency
Connect with us

Politics, Law & Military

သြင်္ကန်ပွဲတော်တွင်ရဲဝန်ထမ်းများ အချိန်ပြည့် လုံခြုံရေးဆောင်ရွက်လျက်ရှိ

ရဲဝန်ထမ်းများလုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မဟာသြင်္ကန်ပွဲတော်အကြတ်နေ့တွင် ရေကစားသူများ ပိုမိုများပြားစည်ကားလာသဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ ဝင်များသည် အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အများပြည်သူ ပျော်ရွှင်စွာရေကစားရာတွင် စိတ်အနှောက်အယှက်မဖြစ်

စေရန် ဘေးအန္တရာယ်ဖြစ်စေသော တုတ်များ၊ ပုလင်းခွံများကို ရေပက်ခံမော်တော်ယာဉ်များပေါ်တွင် သိုဝှက်ယူဆောင်လာခြင်းမရှိစေရေးအတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အချိန်ပြည့် စစ်ဆေးကြပ်မတ်လျက်ရှိသည့်အပြင် လူစည်ကားသည့် ရေကစားမဏ္ဍပ်များ၊ အပန်းဖြေအနားယူသည့်

နေရာများတွင်လည်း ရဲတပ်ဖွဲ့ဝင်အင်အားအပြည့်ဖြင့် လုံခြုံရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထို့ပြင် မြို့နယ်၊ ရပ်ကွက်များအတွင်း လုံခြုံအေးချမ်းမှုရှိစေရေးအတွက်

မော်တော်ယာဉ်လှည့်ကင်း၊ ဆိုင်ကယ် လှည့်ကင်း နှင့် စက်ဘီးလှည့်ကင်းများ ဖြင့်လည်းစိုးမိုးဆောင်ရွက်ထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သြင်္ကန်ပွဲတော်ကာလ တစ်လျှောက်လုံးတွင် ရေကစားသူများ၏ အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဘေးကင်း

လုံခြုံမှုရှိစေရေးကိုလည်း စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.