Connect with us

Politics, Law & Military

မြန်မာ့ နှစ်သစ်ကူး သြင်္ကန် ပွဲတော် ကာလ မတိုင်မီ အကျဉ်းသား/သူ ၁၈၈၃ ဦးအား အထူး လျှော့ရက်ဖြင့် ပြန်လွှတ်ပေး

၂၀၁၆ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်မီက လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက် လာသူ တစ်ဦးအား မိသားစုဝင်များက ဆီးကြိုနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

မြန်မာ့ နှစ်သစ်ကူး သြင်္ကန် ပွဲတော် ကာလ မတိုင်မီ အကျဉ်းထောင်စခန်း အသီးသီးမှ အကျဉ်းသား/သူ ၁၈၈၃ ဦးအား အထူး လျှော့ရက်ဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ယနေ့ဧပြီ ၁၂ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အကျဉ်းထောင် ၊ စခန်း အသီးသီးမှ စည်းကမ်း လိုက်နာသူ ၊ ကောင်းမွန်စွာ နေထိုင်သူ အကျဉ်းသား/သူများအား နှစ်သစ်တွင် စိတ်သစ် ၊ လူသစ်ဖြင့် ဘဝသစ် စတင်နိုင်ရန် ရည်ရွယ်၍ အထူး လျှော့ရက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အကျဉ်းထောင် ၊ စခန်း အသီးသီးမှ အကျဉ်းသား ၁၆၅၀ ဦး ၊ အကျဉ်းသူ ၂၃၃ ဦး စုစုပေါင်း ၁၈၈၃ ဦး ပါဝင်ကြောင်း သိရသည်။ယမန်နှစ် သြင်္ကန် ကာလ မတိုင်မီ ကလည်း အကျဉ်းထောင်စခန်း အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူများ အနက် စည်းကမ်း လိုက်နာသူ ၊ ကောင်းမွန်စွာ နေထိုင်သူ အကျဉ်းသား ၊ အကျဉ်းသူ စုစုပေါင်း ၂၂၈၃ ဦးအား အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။အစိုးရ အနေဖြင့် ပြစ်ဒဏ် ကျခံနေသော အကျဉ်းသားများအား ပြစ်ဒဏ် ကျခံနေစဉ် စည်းကမ်း လိုက်နာမှု ၊ ကောင်းမွန်စွာ နေထိုင်မှု တို့အပေါ် အခြေခံ၍ အကျဉ်းထောင် လက်စွဲ နည်းဥပဒေအရ အထူး လျှော့ရက်များ ခံစား ခွင့်ပြုပေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)