Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းကို တင်မြှောက်

ဒုတိအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဒုတိအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းကို တင်မြှောက်လိုက်သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တင်သွင်းလွှာ ပုံစံဖြင့် တင်သွင်းခဲ့ရာ တစ်စောင်သာ တင်သွင်းပြီး ယင်းတင်သွင်းလွှာ၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဝင်းခိုင်သန်းကိုသာရွေးချယ်သဖြင့် ၎င်းကိုဥက္ကဋ္ဌ အဖြစ် တင်မြှောက် လိုက်သည်။

ယနေ့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးလိုက်ပြီး လွှတ်တော်တာဝန်များကို စတင် ထမ်းဆောင်မည်ဖြစ်သည်။

အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိရာ ယနေ့ လွှတ်တော်သို့ ၂၂၃ ဦးတက်ရောက်ပြီး ကယားပြည်နယ် မဲဆန္ဒနယ်မှ ဝန်ကြီး ဦးစိုးသိန်းသည် အစိုးသစ်သို့ တာဝန်လွဲပြောင်းနိုင်ရေး တာဝန်များကြောင့် လက်ရှိအစိုးရ သက်တမ်းကာလအတွင်း ခွင့်တိုင်ကြားထားသည်။

အဆိုပါ အစည်းအဝေးအတွက် သဘာပတိအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ချင်းပြည်နယ် မဲဆန္ဒနယ် ၄ မှ ပူးဇုန်လျယ်ထန်း ဆောင်ရွက်လျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.