Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးအေးသာအောင်ကို တင်မြှောက်

ဒုတိအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် ရခိုင်အမျိုးသား ပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၆ မှ ဦးအေးသာအောင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဒုတိအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသား ပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၆ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်အား တင်မြှောက်လိုက်သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တင်သွင်းလွှာ ပုံစံဖြင့် တင်သွင်းခဲ့ရာ တစ်စောင်သာ တင်သွင်းပြီး ယင်းတင်သွင်းလွှာ၌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကိုသာ ရွေးချယ်သဖြစ် ၎င်းကိုဒုတိယ ဥက္ကဋ္ဌအဖြစ် တင်မြှောက် လိုက်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့သည် သဘာပတိရှေ့တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးလျက်ရှိသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.