Politics, Law & Military
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကြေငြာလိုက်သည်။
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရွေးကောက်ပွဲ ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး နေပြည်တော်၌ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး မပြီးဆုံးသေးသည့် ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ကိုင်မည်ဟု ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကဆိုသည်။ (Xinhua)