Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်နယ် ၇ ခုနှင့် တိုင်းဒေသကြီး ၅ခု အတွက် ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်

ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့တွင် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးဟောပြောပွဲ၌် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်နယ် ၇ ခုနှင့် တိုင်းဒေသကြီး ၅ ခုတို့ တွင် ကိုယ်စားလှယ်လောင်း ၈၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ပထမ အသုတ်အနေဖြင့် ထုတ်ပြန်ထားပြီး၊ ကျန်သည့် တိုင်းဒေသကြီး ၂ ခုတို့တွင် ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း စာရင်းကို အပြီးသတ် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ဆင်ဟွာကို ယနေ့ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၂ ဦး ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူသူ့ လွှတ်တော် ၂၆ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၅၂ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ် အတွက် ၂ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် မဲဆန္ဒနယ်ပေါင်း ၄၃ နေရာတွင် ဝင်ရောက် အရွေးခံမည် ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် နေရာတွင် ၁၀ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အတွက် ၂၀ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ် အတွက် ၁ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မဲဆန္ဒနယ်ပေါင်း ၁၁၀ တွင် ဝင်ရောက် အရွေးခံမည် ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် နေရာတွင် ၃၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အတွက် ၆၄ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ် အတွက် ၂ နေရာ ဝင်ရောက် အရွေးခံမည်ဟု သိရသည်။

မကွေးတိုင်း ဒေသကြီးတွင ် မဲဆန္ဒနယ်ပေါင်း ၆၆ နေရာ တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် နေရာတွင် ၂၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အတွက် ၄၄ နေရာ၊ ဝင်ရောက် အရွေးခံမည်ဟု သိရသည်။ပဲခူးတိုင်း ဒေသကြီးတွင် မဲဆန္ဒနယ်ပေါင်း ၉၇ နေရာ တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် နေရာတွင် ၂၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အတွက် ၅၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ်အတွက် ၁ နေရာ ဝင်ရောက် အရွေးခံမည်ဟု သိရသည်။

ကချင်ပြည်နယ်တွက် မဲဆန္ဒနယ်ပေါင်း ၇၀ တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော်တွင် ၁၈ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ၃၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော် တိုင်းရင်းသား နေရာ ၄ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။
ကယား ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၃၄ နေရာ တွင် ဝင်ရောက် အရွေးခံမည် ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ၇ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ၁၄ နေရာ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် တွင် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ် ၁ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၃၆ နေရာ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် ၇ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် (တိုင်းရင်းသား) မဲဆန္ဒနယ်၃နေရာ တွင် ဝင်ရောက် အရွေးခံမည်ဖြစ်သည်။
ချင်းပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၃၉ နေရာတွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ တို့တွင် ဝင်ရောက် အရွေးခံမည် ဖြစ်သည်။မွန်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၄၅ နေရာတွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၀ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် နေရာ ၂၀၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော် ( တိုင်းရင်းသား) ၃နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၅၉ နေရာတွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော်တွင် ၁၆ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၃၂ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၁ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ် ၁၅၂ နေရာ မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ၄၅ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် နေရာ ၉၀၊ အမျိုးသား လွှတ်တော် ၁၀ နေရာ၊ ပြည်နယ် လွှတ်တော် (တိုင်းရင်းသား) ၇ နေရာ တို့တွင် ဝင်ရောက် အရွေးခံမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.