Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက် ၇ ရပ် ချမှတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပ အပြီး သတင်းမီဒီယာများနှင့် တွေ့ ဆုံ ရှင်းလင်းစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေးအား နှစ်ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဆုံးဖြတ်ချက် ၇ ရပ်အား ယနေ့ဇွန် ၂၅ ရက်တွင် ချမှတ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဆုံးဖြတ်ချက် အဖြစ် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) ကို ထောက်ခံကြောင်း ၊ အဆင့်ဆင့်သော လိုအပ်သည့် ရေးရာ ကော်မတီများ ပြန်လည် ဖွဲ့စည်းမည် ဖြစ်ကြောင်း ၊ အခါအားလျော်စွာ နိုင်ငံရေး အဆင့်မြှင့် သင်တန်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ၊ ပါတီ လစဉ်ကြေး အစား ပါတီ နှစ်စဉ်ကြေးဟု ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း စသည့် အချက်များ ပါရှိသည်။

ထို့အတူ လူငယ် ညီလာခံအား ကျင်းပမည် ဖြစ်ကြောင်း ၊ လိုအပ်သော စည်းရုံးရေး အဖွဲ့များကို ယာယီ စည်းရုံးရေး ကော်မတီ အဖြစ် ဖွဲ့စည်းပေးမည် ဖြစ်ကြောင်း နှင့် ပထမ ဗဟိုကော်မတီ သတ္တမ အကြိမ် အစည်းအဝေးသို့တင်သွင်းသော ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ဗဟို ကော်မတီဝင် များ၏ အစီရင်ခံစာများကိုလည်း မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေး အခြေအနေအား NLD ဗဟို အလုပ် အမှုဆောင် (CEC) ဦးဝင်းထိန်က “ပထမရက်က တိုင်းနဲ့ပြည်နယ် အသီးသီး တင်မက စီးပွားရေး ကော်မတီ ၊ လူငယ်ပိုင်း ၊ ငြိမ်းချမ်းရေး ကိစ္စ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဗဟိုကော်မတီဝင်တွေက သူတို့တင်ပြပြီးတော့မှ ဒီနေ့မနက်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ဗဟို ကော်မတီဝင်တွေက ကျွန်တော်တို့ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့အစီရင်ခံစာကို ပြန်ပြီးတော့ ဝေဖန် သုံးသပ်တဲ့ ကဏ္ဍ ၊ ပြီးတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့ အစည်းအဝေး ထိုင်ပြီးတော့မှ တိုင်းနဲ့ပြည်နယ် အသီးသီးက တင်ပြတာတွေကို ကျွန်တော်တို့ပြန်ပြီး တုံ့ပြန်တယ်။ ဆုံးဖြတ်ချတွေ ချတယ်။”ဟု သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။ထို့အတူ ပါတီ စည်းကမ်းထိန်းသိမ်းရေး အခြေအနေများ ၊ ပါတီ၏ မူဝါဒများ ၊ လူငယ် ညီလာခံ ကျင်းပရေး အခြေအနေများအား NLD ဗဟို အလုပ် အမှုဆောင် (CEC) ဦးဝင်းထိန် ၊ ဦးဉာဏ်ဝင်း ၊ ဦးထွန်းထွန်းဟိန် တို့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.