Connect with us

Politics, Law & Military

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူကလေးသူငယ် ၆၇ ဦးအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံလွှဲပြောင်းပေးအပ်

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တပ်မတော်အတွင်းအရွယ်မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၆၇ ဦးစိစစ်တွေ့ရှိခဲ့ပြီး စိစစ် ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ် ပွဲကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ကျင်းပခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနား ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံ တင်ပြရေးလုပ်ငန်း အဖွဲ့ တို့၏ အစီအမံဖြင့် ဇွန်လ ၂၃ ရက် နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြန်လည်နုတ်ထွက်ခွင့်ရကလေးသူငယ် ၆၇ ဦးနှင့်၎င်းတို့၏ မိဘများတက်ရောက်ကြသည်။

ဦးစွာ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel တို့က အမှာစကားပြောကြားသည်။

ထို့နောက် တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့်လက်မှတ်နှင့် ၁၀ နှစ်မှ ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး ကလေးများအား မိဘသို့မဟုတ် အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သောကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့တပ်မတော်မှပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါး ကုသရန်လိုအပ်မှု ရှိ၊ မရှိ စစ်ဆေးပေး၍ လိုအပ်ကကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန်ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့်ကျွမ်းကျင်မှုများ သင်ယူရန်ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန်အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မိဘများထံလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် မြဝတီစာပေတိုက်ခန်းမတို့၌ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၄ ခုနှစ်တွင် လေးကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ်နှင့် ယခုအကြိမ် ၆၇ ဦး သည် ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၁၄ ကြိမ်ရှိခဲ့ရာ စုစုပေါင်း ၈၇၇ ဦးလွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.