Connect with us

Politics, Law & Military

အမှန်တကယ် ပြန်လိုသူများအား ဟန့်တားခြင်းမျိုး မဖြစ်စေဖို့ မျှော်လင့်

ပြန်လည်လက်ခံရေးဆိုင်ရာသတင်းစာရှင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးမြင့်သူ နှင့် အဖွဲ့  ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

UNHCR အနေဖြင့် တစ်ဘက်နိုင်ငံရောက် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး အစီအစဉ် ကို ပံ့ပိုးကူညီရာတွင် အမှန်တကယ်ပြန်လိုသူများအား ဟန့်တားသည့် ပုံစံမျိုး မဖြစ်စေဖို့ မိမိတို့ မျှော်လင့်ပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“ တစ်ဘက်နိုင်ငံရောက် နေရပ်စွန့်ခွာသွားသူတွေထဲက ဒီနေ့စတင်လက်ခံဖို့နှစ်ဘက် သဘောတူ ထားတဲ့ အတိုင်း ဒီနေ့မနက် ၇ း ၀၀နာရီမှာ တောင်ပြိုလက်ဝဲစခန်းမှာ ပြည်ထောင်စု အဆင့် ဝန်ကြီး တွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတွေ အသင့်စောင့်ခဲ့ကြပေမယ့် အခုအချိန်အထိ ဘင်္ဂလား ဒေ့ရှ် ဘက်က တစ်ဦးတစ်ယောက်မျှ လွှဲပြောင်းခြင်း မရှိတာ တွေ့ရပါတယ်၊ ဒါဟာ ဘင်္ဂလားဒေ့ရှ် ဘက်က physical arrangement နဲ့ အညီ လိုက်နာဆောင်ရွက်မှုမှာ အားနည်းတယ်လို့ သုံးသပ်ရ ပါတယ်၊ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ arrangement နဲ့အညီ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ယနေ့လက်ခံမည့် ပထမအသုတ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ စာရင်း လွှဲပြောင်းပေးပို့ထားသော လူ ၈၀၃၂ ဦးထဲမှစိစစ်ပြီး၂၂၆၁ဦး(မိသားစု ၄၈၅ စု) ဖြစ်ကြောင်း၊ အစပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ရေလမ်းဖြင့် ငါးခူရ စခန်းသို့ လာရောက်မည်ဟု အကြောင်းကြားခဲ့သော်လည်း နောက်ပိုင်းတွင် ကုန်းလမ်းဖြင့် တောင်ပြိုလက်ဝဲ စခန်းသို့ လာရောက်မည်ဟု ထပ်မံအကြောင်းကြားလာသဖြင့် မိမိတို့ဘက်မှလိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ကာ ယနေ့ နံနက် ၇ း ၀၀ နာရီတွင် စတင် လက်ခံဖို့ အဆင်သင့်ပြင်ဆင်ထားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် အောက်တိုဘာ ၃၁ ရက် ကော့ခ်ဘဇားရှိ ကူတူပါလောင်စခန်းတွင် နေရပ်စွန့်ခွာသူ ကိုယ်စားလှယ်များနှင့် တွေ့ခဲ့စဉ်က ထိုစခန်းရှိ ဟိန္ဒူဘာသာဝင်များ(၄၃၈ဦး)မှာ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လိုသည်ဟု ပြောဆိုကြောင်း အမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “နေရပ်စွန့်ခွာသူတွေကို သုံးမျိုးခွဲနိုင်ပါတယ်၊ ပထမအုပ်စုက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကနေ ကနေဒါကဲ့သို့ တတိယနိုင်ငံတစ်ခုခုကို သွားရောက်လိုသူတွေပါ၊ အဲဒီအုပ်စုကပြန်လာလိုတဲ့ ဆန္ဒ ရှိမှာ မဟုတ်ပါဘူး၊ ဒုတိယ အုပ်စုက ARSA အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့ သူတွေပါ၊ ဒီအုပ်စုကလည်း ပြန်လာလိုမှာ မဟုတ်ပါဘူး၊ တတိယ အုပ်စုက ရခိုင်ပြည်နယ်မှာ နေအိမ် တွေ၊ ဆွေမျိုးတွေ ကျန်နေခဲ့သူတွေ၊ လယ်ယာနဲ့ ငါးဖမ်းစက်လှေ ပိုင်ဆိုင်သူတွေပါ၊ သူတို့က ပြန်လာဖို့ ဆန္ဒရှိသူတွေဖြစ်ပါတယ်၊ ဒါကြောင့် မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေမယ့် အစား မိမိဆန္ဒအလျောက် ပြန်လာလိုသူတွေကို ဦးစားပေး စေလွှတ်မှသာ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေနိုင်မှာပါ” ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ဥပမာအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက နေအိမ်အလုံး ၁၁၁၀၊ အိန္ဒိယနိုင်ငံက နေအိမ် ၂၅၀ နှင့် ဂျပန်နိုင်ငံကလည်း နေအိမ်များ လှူထားပြီး ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သကဲ့သို့ UNDP, UNHCR တို့နှင့် MoU ရေးထိုးထား သည်နှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် Rapid Needs Assessment နှစ်ကြိမ် ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရရှိထားပြီး ဖြစ်သည့် Physical Atrangement နှင့်အညီ Repatriation Resettlement Reintegration တို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.