Connect with us

Politics, Law & Military

ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၉၀၀၀ ကျော် နှင့် ပြည်တွင်းအလုပ်သမား ၂၁၀၀၀ ကျော် တို့အား အောက်တိုဘာလ အတွင်း အလုပ် ခန့်ထားနိုင်

အထည်ချုပ် စက်ရုံတွင် လုပ်ကိုင်နေကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၉၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်သမား ၂၁၀၀၀ ကျော် တို့အတွက် အလုပ်နေရာများအား အောက်တိုဘာလ အတွင်း ခန့်ထား နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံ အလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအခြေအနေမှာ မလေးရှား နိုင်ငံသို့ ၂၉၂၇ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၇ ဦး၊ ကိုရီးယား နိုင်ငံသို့ ၄၂၅ ဦး၊ ထိုင်းနိုင်ငံ သို့ ၁၅၁၇၂ ဦး၊ ဂျပန်နိုင်ငံသို့ ၄၇၄ ဦး၊ ယူအေအီးသို့ ၂၁ ဦး၊ ကာတာနိုင်ငံသို့ တစ်ဦး၊ ဂျော်ဒန် နိုင်ငံသို့ ၈၆ ဦး စုစုပေါင်း ၁၉၁၂၃ ဦးတို့ဖြစ်ကြောင်း သိရ သည်။

အောက်တိုဘာလ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရ အလုပ်အကိုင် ၇၉၈ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂ဝ၇၉၂ ဦး စုစုပေါင်း ၂၁၅၉ဝ ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

အလုပ် အကိုင် အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ် အကိုင် များ ရှာဖွေပေး ခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.