Connect with us

Politics, Law & Military

အာဆီယံ စွမ်းအင် အစည်းအဝေးက ယခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်း ခြောက်ခုကို အတည်ပြုနိုင်ခဲ့

၃၄ ကြိမ်မြောက်အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ အိမ်ရှင်အဖြစ် နေပြည်တော်တွင် နှစ်ရက်တာ ပြုလုပ်သည့် ၃၄ ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ အစည်းအဝေးက ၂၀၁၆ -၂၀၁၇ နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ခြောက်ခုတို့ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်ဟု ထိုအစည်းအဝေး၏ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ၏ ရည်မှန်းချက် ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံ စွမ်းအင် သုံးစွဲမှု ပမာဏ၏ ၂၃ ရာခိုင်နှုန်းကို ပြန်လည်ပြြည့်ဖိုးမြဲစွမ်းအင်မှရယူ သုံးစွဲနိုင်ရေး၊ ၂၀၂၀ ခုနှစ်တွင် စွမ်းအင်ကို အာဆီယံ ဒေသတစ်ခုလုံး အကျိုးရှိ ထိရောက်စွာ အသုံးချရေး အနေဖြင့် ၂၀၀၅ ခုနှစ် သုံးစွဲမှုထက် ၂၀ ရာခိုင်နှုန်းအထိ ခြိုးခြံ ချွေတာလျှော့ချ သုံးစွဲသွားရေး၊ အာဆီယံဒေသအတွင်း လျှပ်စစ်ဓာတ်အား စနစ်၊ ဓာတ်ငွေ့ပိုက်လိုင်း မြှင့်တင် တည်ဆောက်ရေး၊ စွမ်းအင် လွယ်ကူ ဖူလုံစွာ ရယူ သုံးစွဲနိုင်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေး နည်းပညာ မြှင့်တင်ရေး၊ မြို့ပြသုံး နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်မှန်းချက် ခြောက်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ၂၀၁၆ – ၁၇ နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ယခုအစည်းအဝေးက ဆွေးနွေး အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒေသတွင်း စွမ်းအင် ဖူလုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဒေသတွင်း စံ သတ်မှတ်နှုန်းများ တစ်ပြေးညီ ဖြစ်စေရေး၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင် ခြိုးခြံ ခြွေတာရေး၊ ဒေသတွင်း စွမ်းအင် ချိတ်ဆက်၍ မျှေ၀ သုံးစွဲနိုင်ရေး စသည့် အချက်များကို အခြေခံကာ ယခုနှစ်၏ အာဆီယံ စွမ်းအင်ကဏ္ဍ ဆောင်ပုဒ် ဖြစ်သော အာဆီယံ တစ်ခွင် စိမ်းလန်းဖို့ သန့်ရှင်းသော စွမ်းအင် သုံးကြစို့ (Toward Greener Community with Cleaner Energy)နှင့် အညီ ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုအစည်းအဝေးတွင် လာအို၊ ထိုင်း နှင့် မလေးရှားနိုင်ငံ တို့စွမ်းအင် မျှေ၀ သုံးစွုဲရေး သဘောတူ စာချုပ် ပထမအဆင့် (MoU)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ စွမ်းအင် ဝန်ကြီးများသည် ဒေသတွင်း အာဆီယံ စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် နိုင်ငံများ အကြား၊ အာဆီယံနှင့် ဆွေးနွေးဘက် နိုင်ငံများအကြား တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အာဆီယံ စွမ်းအင် ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု အစီၤအစဉ် ၂၀၁၆ -၂၀၂၀ (APAEC:_ Asean Plan of Action for Energy Cooperation) ငါးနှစ်တာ အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း တက်ကြွစွာ ဆွေးနွေးခဲ့ကြကြောင်း၊ လာမည့် (၃၅) ကြိမ်မြောက် အာဆီယံ စွမ်းအင် အစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.