Connect with us

Politics, Law & Military

ကရင်ပြည်နယ် မဲသဝေါနယ်မြေအတွင်း တပ်မတော်နှင့် KKOအဖွဲ့ တိုက်ပွဲ ၁၉ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်အကျအရှုံးရှိဟု တပ်မတော်ထုတ်ပြန်

မြန်မာ့ တပ်မတော်နှင့် ကလိုထူးဘောကရင် အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ မြေပုံ(ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ- မဲသဝေါနယ်မြေအတွင်း မြန်မာ့ တပ်မတော်နှင့် ကလိုထူးဘောကရင် အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ ၁၉ကြိမ်ဖြစ်ပွားပြီး နှစ်ဖက် အကျအရှုံးများရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာန သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်လိုက်သည်။

တပ်မတော်အနေဖြင့် အဆိုပါ နယ်မြေအတွင်း နယ်မြေရှင်းလင်းမှုများကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်အထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည် တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သကဲ့သို့ (KKO) ခွဲထွက်အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကာ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၇ လက်၊ မော်တော်ယာဉ် ၂ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးနှင့် ကျည်မျိုးစုံ ၁၁၇၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းခဲ့သည့် ဝါးဘိုးတောင်- ကျုံထော်နယ်မြေ အတွင်းမှ အသက်သွင်းရန် အသင့်ဖြစ်သည့် မိုင်းမျိုးစုံ ၂၃၈ လုံး၊ မဲသဝေါပြန့် နယ်မြေ အတွင်းမှ မိုင်းမျိုးစုံ ၃၇၁ လုံး၊ စုစုပေါင်း မိုင်းမျိုးစုံ ၆ဝ၉ လုံးတို့ကို အချိန်မီ ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိခဲ့သည်။

မြိုင်ကြီးငူ- မဲသဝေါကားလမ်းတစ်လျှောက် နယ်မြေ တည်ငြိမ်အေးချမ်းခဲ့ပြီး ဖြစ်သောကြောင့် ယင်းနယ်မြေအတွင်းရှိ ကျေးရွာများမှ မြိုင်ကြီးငူသို့ တိမ်းရှောင်လာခဲ့သော ဒေသခံပြည်သူများကို တပ်မတော် မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်နေရာ ချထားပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးခြင်းနှင့် လမ်းကြောင်းတစ်လျှောက် မိုင်းအန္တရာယ် ကင်းရှင်းရေး ရှင်းလင်းပေးခြင်း လုပ်ငန်းများကို တပ်မတော်ကကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.