Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂမိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ၂၀၁၆ အမျိုးသား စီးပွားရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒကို ထည့်သွင်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောသော မိန့်ခွန်း၌ မြန်မာနိုင်ငံ၏ ၂၀၁၆ အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒအကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်းအတွင်း မြန်မာနိုင်ငံ၏ ၂၀၁၆ အမျိုးသား စီးပွားရေးနှင့် ဖွံ့ဖြိုးရေး မူဝါဒသည် အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စသည့် ပါဝင်သော SDG ရေရှည်တည်တန့်သော ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနှင့် ကိုက်ညီအောင် ရေးဆွဲထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့သည် မြန်မာနိုင်ငံပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေး လိုအပ်ချက်များ ပြည့်ဝရေးဆိုင်ရာ မူဝါဒနှင့် အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အခြေခံ လိုအပ်ချက်များဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်များ၏ စွမ်းရည်မြင့်မားရေးနှင့် အခွင့်အလမ်း ဖန်တီးရေးတို့သည် လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်များအတွက် အဓိက သော့ချက်ဖြစ်ကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

‘‘ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခတွေနဲ့ ဆယ်စုနှစ် ခြောက်ခုစာလောက် ကြုံတွေ့ခဲ့ ရတဲ့ နိုင်ငံတစ်ခုအတွက် ငြိမ်းချမ်း ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ထက် ပိုပြီးအလေးထား ဖော် ဆောင်ရမယ့်ကိစ္စ မရှိတော့ပါ ဘူး။ ဒါဟာ မြန်မာအစိုးရသစ်အ တွက် စိန်ခေါ်မှုကြီးမားပေမယ့် ဦး စားပေး လုပ်ဆောင်သွားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ မကြာ သေးခင်က ကျွန်မတို့အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်ဆိုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံကြီးရဲ့ ပထမအဆင့် ဆွေး နွေးမှု အစီအစဉ်တွေကို ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီကို တည်ထောင်ခဲ့ကြောင်း၊ ကုလအ တွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာ နန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ငြိမ်းချမ်းရေးအကြံပေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်နှင့်ပတ်သက်၍ ကန့် ကွက်မှုအချို့ရှိသော်လည်း ပြည် နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး အောင် ဆောင်ရွက်မည့် အ ကြောင်းများကို ရှင်းလင်းပြော ကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.