Politics, Law & Military
ဧရာဝတီ၊ ချင်းတွင်းမြစ် ရေလမ်းကြောင်း သွား လာနေသည့် ရေ ယာဉ်များအား ရေ လမ်းကြောင်း ဖြတ်သန်းခ များ ကောက်ခံ သွားရန် ရေလမ်း အကောက် စခန်းများ ဖွင့်လှစ်သွားမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ လမ်းကြောင်းတွင် သွားလာနေသည့် ရေယာဉ်များအား ရေလမ်းကြောင်း ဖြတ်သန်းခများကို ကောက်ခံသွားရန် ကလေးဝမြို့(ချင်းတွင်းမြစ်) ရေလမ်း အကောက်စခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ကသာမြို့(ဧရာဝတီမြစ်) ရေလမ်း အကောက်စခန်းကို မတ်လ ၁ ရက်တို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရေလမ်းကြောင်းအား အသုံးပြု သွားလာနေကြသော ရေယာဉ်များသည် အကောက် စခန်းများတွင် ရေလမ်းကြောင်း အသုံးပြုခများကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်အတွင်း ရေလမ်း အသုံးပြုခ နှုန်းထားများအတိုင်း မပျက်မကွက် ပေးဆောင်ကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသိပေး ကြေညာထားသည်။
မြစ်ချောင်း ရေလမ်းကြောင်း များတွင် ရေယာဉ်များ ချောမွေ့စွာ ခုတ်မောင်း နိုင်ရေးအတွက် ရေကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနသည် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ စီမံချက်များ ချမှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)