Connect with us

Politics, Law & Military

ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက် များ လေ့ကျင့် ပစ်ခတ်ခြင်းများ လေ့ကျင့် ဆောင်ရွက်သွားမည်

တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းပြုလုပ်မည့် ဧရိယာပြမြေပုံ (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တပ်မတော် (ရေ) စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်း ရေပြင်တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်အတွင်း လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလ အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် လေ့ကျင့်ရေး ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာခဲ့သည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန် ကြေညာထားရှိကြောင်း သိရသည်။ (Xinhua)