Connect with us

Politics, Law & Military

နိုင်ငံ၏ သိမ်မွေ့ ညင်သာသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုနှင့် တာဝန် လွှဲပြောင်းမှု ချောမွေ့စေရေး ကြိုးပမ်း ဆောင်ရွက်နေချိန် မလိုလားအပ်သော အပြုသဘော မဆောင်သည့် ရေးသားဖော်ပြမှုများ သတိပြုရန် ပြည်ထောင်စုလွှတ်တော် ထုတ်ပြန်

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များအား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် ကျင်းပနေပုံ (ဓာတ်ပုံ-Myanmar Union Parliament Facebook)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက် ( ဆင်ဟွာ)

နိုင်ငံတော်၏ သိမ်မွေ့ညင်သာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နှင့် တာဝန်လွှဲပြောင်းမှု ချောမွေ့စေရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အလေးထား ကြိုးပမ်းလုပ်ဆောင်နေသည့် အချိန်ကာလတွင် မလိုလားအပ်သည့် အပြုသဘော
မဆောင်သော ရေးသားဖော်ပြချက် များနှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် သတိပြု ဆင်ခြင်နိုင်ကြရန် ပြည်ထောင်စု လွှတ်တော်ရုံးမှ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ လူမှုကွန်ရက်အချို့တွင်ပြည်သူများ အထင်အမြင် လွဲမှားစေနိုင်သော ထင်မြင်ယူဆချက်များကိုရေးသားဖော်ပြနေကြကြောင်း၊ ဤအစီအစဉ်ကို ပထမအကြိမ် လွှတ်တော်သက်တမ်းကတည်းက ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များအဖွဲ့(Inter Parliamentary Union-IPU) တို့နှင့်ဆွေးနွေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် လွှတ်တော်ဆိုင်ရာအတွေ့အကြုံများကို တစ်နေရာတည်း အချိန်တိုအတွင်းလေ့လာသိရှိပါဝင်ဆွေးနွေးခွင့်ရရှိစေပြီး၊ ဥပဒေပြုခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်စေရန် ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များအား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် (Induction Programme)ကို လွှတ်တော်ရုံးအသီးသီးနှင့်UNDP ၊ IPU နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေး အစီအစဉ်အရ ဖေဖော်ဝါရီ (၁၅) ရက်မှ (၁၉) ရက်အထိ နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117