Politics, Law & Military
၂၀၁၆ ခုနှစ်အတွင်း အမှုကြီး ၄၆၉မှုနှင့် အခြားအမှုပေါင်း ၁၄၇၃၄မှု ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း အမှုကြီး ၄၆၉မှုနှင့် အခြားအမှုပေါင်း ၁၄၇၃၄မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
၂၀၁၅ ခုနှစ်တွင် လူသတ်မှု ၁၉၁ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၈၀ မှု ဖြစ်ပွားခဲ့သည့်အတွက် ၁၁ မှုလျော့နည်းခဲ့ကြောင်း၊ ၂၀၁၆ခုနစ်တွင်း၌ ဓားပြမှုတွင် သုံးမှု၊ လုယက်မှုတွင် ၁၆ မှု၊ ဖောက်ထွင်းမှုတွင် ၁၅ မှုနှင့် တိရစ္ဆာန်ခိုးမှုတွင် တစ်မှု လျော့နည်းခဲ့သည်။
၂၀၁၅ ခုနှစ်တွင် မုဒိမ်းမှု ၁၁၀ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၂၂၉ မှုဖြစ်ပွားခဲ့သဖြင့် ၁၁၉ မှုတိုး၍ ဖြစ်ပွားခဲ့ပြီး ၂၀၁၆ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ၂၂၉မှုအနက် အရွယ်ရောက်ပြီးသူ ပြုကျင့်ခံရမှု ၆၉မှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု ၉၆ မှုနှင့် သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ၆၄ မှုရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် ခိုးယူပေါင်းသင်း၍ပြုကျင့်ခံရမှုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် ရေးဖွင့်ရသည့်အမှု ၉၆ မှုရှိသည်။(Xinhua)