Connect with us

Politics, Law & Military

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးရဖို့ဖြူစင်ဖြောင့်မတ်သော စိတ်ဓာတ် ထားရှိရန် နိုင်ငံတော် အတိုင်ပင်ခံ တိုက်တွန်း

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန ဖွင့်လှစ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ မိန့် ခွန်း ပြောနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇန်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဖြူစင် ဖြောင့်မတ်သည့် စိတ်ဓာတ်များ ထားရှိ ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက် အားကစား တက္ကသိုလ်အနီးတွင် ယနေ့ကျင်းပသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC:_ National Reconciliation and Peace Center) ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး သံလွင်ပင်လေးကို ရှင်သန်စေချင်လို့ရှိရင် ပထမဆုံး အရေးကြီးတာကတော့ ကျွန်မတို့အချင်းချင်းကြားမှာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့် မတ်မတ် ပွင့်ပွင့်လင်းလင်း ဖြူဖြူစင်စင်လေး ဆက်ဆံနိုင်ဖို့ပါပဲ။ အဲဒီ တော့ ကျွန်မတို့ဟာ ၂၀၁၇ နှစ်အတွက် ပထမဦးဆုံး နေ့ကနေ စပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ငြိမ်းချမ်းရေး အတွက် ဖြူစင်တဲ့ စိတ်ဓာတ်တွေနဲ့ ဆက်ပြီးတော့ သွားကြစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်း ချင်ပါတယ်” ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန ဖွင့်လှစ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ငြိမ်းချမ်းရေး အထိမ်းအမှတ် သစ်ပင် စိုက်နေစဉ်။(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန အဆောက်အအုံကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန ဖွင့်လှစ်ပွဲသို့ တက်ရောက်လာသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ NRPC ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စက်ခလုတ်ဖြင့် မဖွင့်လှစ်မီ NRPC အဆောက်အအုံရှေ့တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ဖြစ်သည့် သံလွင်ပင်ငယ် တစ်ပင်ကို နိုင်ငံတော် အတိုင်ပင်ခံက စိုက်ပျိုးခြင်း ရေ လောင်းခြင်းများလည်း ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ငြိမ်းချမ်းရေး အထိမ်းအမှတ် သစ်ပင် ရှင်သန်စေရန် စဉ်ဆက် မပြတ် ပြုစု ပျိုးထောင်ဖို့လိုအပ်သကဲ့သို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး အတွက်လည်း အလားတူ ဆောင်ရွက်ကြဖို့၎င်းက တိုက်တွန်းခဲ့သည်။
အဆိုပါ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန ဖွင့်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117