Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ /တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထား

နိုင်ငံရေး ပါတီ /တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှု အခြေအနေပြ ဇယား(ဓာတ်ပုံ- Union Election Commission)

ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်း ထုတ်ပြန်ခဲ့သည်။

လစ်လပ် မဲဆန္ဒနယ်များအတွက် နိုင်ငံရေး ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများ အရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၁၉ ဦး ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ၁၈ ဦး တို့ဖြင့် အများဆုံး အသီးသီး တင်သွင်းထားကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၅ ဦး အနက် နိုင်ငံရေး ပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦး နှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲအား ဧပြီလ ၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.