Politics, Law & Military
၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅ မှု ဖြစ်ပွား

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅ မှု ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး တွင် လူကုန်ကူးမှု၇ မှု၊ ရှမ်းပြည်နယ် တွင် လူကုန်ကူးမှု ၄မှု၊ ကချင်ပြည်နယ်တွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၁ မှု၊ မန္တလေးတိုင်းဒေသကြီး တွင် ၁မှု စုစုပေါင်း ၁၅ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းလူကုန်ကူးမှုဖြစ်စဉ် တွင် လူကုန်ကူးခံရသူပေါင်း ၂၁ဦး ရှိပြီး၊ လူကုန်ကူးသူ တရားခံပေါင်း ၃၉ ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)