Connect with us

Politics, Law & Military

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၆,၆၆၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွင် ငွေကျပ် သိန်း ပေါင်း ၆,၆၆၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် ၀၉း၀၀နာရီ တွင် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း၊ အမှတ်(၃)ကျေးရွာရှေ့၌ ကို… မောင်းနှင်ပြီး အမျိုးသား ၂ဦး လိုက်ပါလာသည့် TOYOTA Hilux Tiger အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၈၀ တုံး(အလေးချိန် ၂၆ .၆၄ ကီလို)၊ ငွေ ၁၀၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)