Politics, Law & Military
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း လူကုန်ကူးမှု အမှုပေါင်း ၂၃မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း လူကုန်ကူးမှု အမှုပေါင်း ၂၃မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
လူကုန်ကူးမှုအမှုပေါင်း ၂၃ မှု တွင် တရားခံပေါင်း ၅၈ ဦး၊ လူကုန်ကူးခံရသူပေါင်း ၃၇ ဦးရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် ၇ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆ မှု၊ ကချင်ပြည်နယ် တွင် ၄ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၂ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁မှု အားဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)