Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၄၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက် ၀၆း၁၅နာရီ တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ မကျီးချောင်းအတွင်း အရှေ့မှ အနောက်သို့လှော် ခတ်လာသော လောင်းလှေတစ်စီးအား စစ်ဆေးရန် ကမ်းစပ်သို့ခေါ်ယူစဉ် လောင်းလှေလှော်ခတ်လာသူမှ တစ်ဖက်ကမ်းသို့ ရေကူးထွက်ပြေးသွား၌ ကျန်ရှိသည့်လောင်းလှေအားရှာဖွေရာ လှေပေါ်တွင်တင်ဆောင်လာသော ပလတ်စတစ်ဖြင့်ထည့်ကာ ဆီစိမ်စက္ကူဖြင့်ထုတ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည့်အတွက် ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.