Connect with us

Politics, Law & Military

၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အလေးထား ဆောင်ရွက်

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပစဉ်( MOI)

ရန်ကုန်၊ နိုဝင်ဘာ  ၁၅ ရက် (ဆင်ဟွာ)

 ၂၀၂၀ ပြည့်နှစ် အထွေထွ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များအရ အရေးကြီးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးကိုအလေးထားပြီး ဆောင်ရွက်လျက်ရှိကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းကောက်ယူပြီးစီးပြီးဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် အခြေခံမဲဆန္ဒရှင်စာရင်းများကို Up to date ဖြစ်စေရေးသက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က စိစစ်ပြင်ဆင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန် ကန်စေရေးနှင့် မိမိတို့၏မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်း ကပ်ထားကြေညာ ချိန်တွင် မဲဆန္ဒရှင်များကို သွားရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းကူညီပေးရန် မေတ္တာရပ်ခံ လိုကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က ပြောသည်။

 

နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင်ဥပဒေ၊ နည်းဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်ရမှာဖြစ်သည့်အပြင် ပါတီများအားလုံး ဆန္ဒတူညှိနှိုင်းရေးဆွဲခဲ့သည့်နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ် Code of Conduct (CoC)နှင့်အညီလေးစားလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ၎င်းက ဆိုသည်။

 

 ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကျင်းပရန် (၁)နှစ်ခန့်သာလိုတော့သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင် ထားကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေများနှင့် ကိုက်ညီသည့် နည်းဥပဒေများ ပြင်ဆင်ရာတွင်ယခင်ကျင်းပပြီးစီး ခဲ့သည့်ရွေးကောက်ပွဲ အတွေ့အကြုံများ အပေါ်သုံးသပ်၍အငြင်းပွားမှုများလျော့နည်းပပျောက်ရေး၊ တရားမျှတမှု ရှိစေရေး၊ လုပ်ငန်းစဉ်များ တိကျပြတ်သားစွာ ဆောင်ရွက်နိုင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးပြည့်ဝစွာ ရရှိရေးတို့ကိုထည့်သွင်း စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ပဲဖြစ်ကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးလှသိန်း ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိ သူများနှင့် နိုင်ငံရေးပါတီ (၇၄) ပါတီမှတာဝန်ရှိ သူများတက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.