Connect with us

Politics, Law & Military

အမြန်လမ်းတလျှောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ စိုးရိမ်သောက ဖြစ်စေရန် လုပ်ကြံသတင်းများ ပေးပို့ခြင်းအား ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်

အမြန်လမ်းမကြီးတွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) 

အမြန်လမ်းတလျှောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ စိုးရိမ်သောက ဖြစ်စေရန် လုပ်ကြံသတင်းများ ပေးပို့ခြင်း လူမှုစာမျက်နှာများတွင် ဖန်တီးဖော်ပြ နေခြင်းများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်၍ ပြည်သူ များမှ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန်နှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူး ရုံး page မှ ဖော်ပြသော သတင်း သာလျင် အမှန် ဖြစ်ကြောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ 

အချို့ သူ များသည်အမြန် လမ်းမကြီးရဲတပ်ဖွဲ့ သို့ မမှန်သတင်း များ ပေးပို့၍၎င်း လုပ်ကြံ မမှန်ဖြစ်စဉ်များယခင် ဖြစ်စဉ်အဟောင်းများကို လူမှုစာမျက်နှာ များတွင် ဖော်ပြ၍ ၎င်းခရီးသွား ပြည်သူ များ စိုးရိမ်သောက ဖြစ်ပြီးစိတ် (မ)လုံခြုံ မှု ဖြစ်စေရန် ဖော်ပြလျက် ရှိကြောင်း သိရသည်။ 

အမြန်လမ်းပေါ်တွင် အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအားတွေ့ရစဉ် (ဓာတ်ပုံ–အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး) 

အမြန်လမ်းမကြီး တစ်လျှောက် ခရီးသွားလာ လျက်ရှိကြသည့် ခရီးသွား ပြည်သူများ စိတ်လုံခြုံမှု ရှိစေရေး အတွက် ၎င်း ပြည်သူများ မှ ဆက်သွယ် အကူအညီ တောင်းခံလာသည့် အခက်အခဲ နှင့် ပေးပို့ သတင်း တိုင်ကြားချက်များ ကို အလေးထား တုန့်ပြန် နိုင်စေရေး အတွက် ၎င်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဝင်များမှ (၂၄) နာရီ အသင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်မးမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ 

အမြန်လမ်းမတွင်ဖြစ်ပေါ်လျက် ရှိသည့် ဖြစ်စဉ်များ အနက်မှ လူထိခိုက် ဖြစ်စဉ်များကို သက်ဆိုင်ရာ မိသားစု များ အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ရည်ရွယ်၍အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး page မှအချိန်နှင့် တပြေးညီ ထုတ်ပြန် ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

 

အမြန်လမ်းမတစ်လျောက် သွားလာကြသည့် ခရီးသွား ပြည်သူများအနေဖြင့် ညအချိန် သွားလာစဥ် အကြောင်းအမျိုးမျိုးကြောင့် ခတ္တ ရပ်နားလိုပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းများနှင့် ရဲကင်းများ တွင် စိတ်လုံခြုံစိတ်ချစွာ နားနေခြင်းဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ကြပါရန် နှင့် ရဲစခန်းများ ပျမ်းမျှ (၂၀) မိုင်အကွာရဲကင်းများ ပျမ်းမျှ (၅) မိုင်အကွာ တွင်တည်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)