Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်သမား ရေးရာ အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဦးဝင်းထိန် အပါအဝင် စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်း

ဗဟို အလုပ်သမား ရေးရာ အဖွဲ့  ဖွဲ့ စည်းကြောင်း ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- National League for Democracy)

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ်သမား ရေးရာ အဖွဲ့အား ဥက္ကဋ္ဌ အဖြစ် ဦးဝင်းထိန် အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ဖွဲ့စည်း တာဝန် ပေးအပ်လိုက်ကြောင်း ယနေ့အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗဟို အလုပ်သမား ရေးရာ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဦးဝင်းထိန် ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးကျော်ထွေး နှင့် အတွင်းရေးမှူး အဖြစ် ဒေါ်အိရွှေစင်ညွှန့်တို့ဖြင့် ပါဝင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် ဦးစောတင်ဝင်း ၊ ဒေါ်ခင်မူမူအောင် ၊ ဒေါက်တာ မင်းညို ၊ ဦးတိုးလွင် ၊ ဦးကျော်ဇေယျဝင်း ၊ ဦးမျိုးသစ် ၊ ဦးမြင့်ကြည်(စစ်ကိုင်း) ၊ ဦးနေမျိုးကျော် တို့ဖြင့် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.