Connect with us

Politics, Law & Military

လက်တွေ့ကျသော SOP သတ်မှတ်နိုင်ရန် အရေးကြီးကြောင်းအတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ လုပ်ငန်းများ အောင်မြင် ရေးအတွက် လက်တွေ့ကျပြီး ထိရောက်မှုရှိသည့် SOP (Standard Operating Procedure) သတ်မှတ်နိုင်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က နေပြည်တော် NRPC တွင် ယနေ့ပြုလုပ်သည့် UPDJC အစည်းအဝေး၌ ပြောခဲ့သည်။

“တချို့က စည်းမျဉ်းစည်းကမ်းတွေ ရှိလို့ရှိရင် SOP ဆိုတာ မလိုအပ်ဘူးလို့ ထင်ကြတယ်။ တကယ်တော့ စည်းမျဥ်းစည်းကမ်းတွေ ဘယ်လိုပဲရှိရှိ Standard Operating Procedure မရှိလို့ရှိရင် ဒီစည်းမျဥ်းစည်းကမ်းတွေအရ အလုပ်ကို ထိထိရောက်ရောက် လုပ်လို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့က Standard Operating Procedure သတ်မှတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ Standard Operating Procedure ဆိုတာ လက်တွေ့လည်း ကျရပါလိမ့်မယ်။ လက်တွေ့မကျတဲ့ Procedure တွေကို သတ်မှတ်လို့ရှိရင် စက္ကူပေါ်မှာပဲ ရှိပြီးတော့ ကျွန်မတို့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု သူမက ပြောခဲ့သည်။

UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရေးအတွက် UPDJC ရဲ့ ဦးဆောင်မှု အရေးကြီးသလို UPDJC လုပ်ငန်းများ စနစ်တကျ ထိရောက် အောင်မြင်စေရေးအတွက် UPDJC ရုံးအဖွဲ့တွေလည်း အရေးကြီးပါတယ်။ ရုံးအဖွဲ့ ဆိုတော့ ကျွန်မတို့ ရုံးအဖွဲ့တွေက လုပ်ထုံး လုပ်နည်းကိုလည်း နားလည်ရမယ်။ လုပ်ပုံကိုင်ပုံကလည်း မှန်ကန်ရမယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ သမိုင်းကြောင်းတွေတင်မကဘူး ကျွန်မတို့ ရည်ရွယ်နေတဲ့ပန်းတိုင်က ဘာလဲ ဆိုတာကိုလည်း ကျွန်မတို့ ရုံးအဖွဲ့တွေက နားလည်ဖို့ လိုပါတယ်။ ရုံးအဖွဲ့ဆိုတာ သပ်သပ် စာရွက်တွေ ဝေဖို့နဲ့ လက်မှတ်ထိုးဖို့နဲ့ စာအိတ်တွေ နှိပ်ထုတ်ဖို့ ဒါမျိုးမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး စိတ်ဓာတ် အပြည့်အဝနဲ့ နားလည်မှု အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်တဲ့ ရုံးအဖွဲ့တွေ ကျွန်မတို့ လိုပါတယ်။ ဒီလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မျဉ်းပြိုင် လုပ်ကိုင်သွားကြဖို့ လိုအပ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကား ပြောကြားအပြီးတွင် UPDJC အဖွဲ့ဝင် ဒေါက်တာ လျန်မှုန်ဆားခေါင်၊ ဒုတိယ ဥက္ကဌ ဦးသုဝေတို့က အမှာစကားများ အသီး သီး ပြောကြားခဲ့ကြကာ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ၂၁ ရာစု တတိယ ပင်လုံအစည်းအဝေး၌ ဆွေးနွေးမည့် ခေါင်းစဉ်များ သတ်မှတ်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးနှင့် ကျင်းပမည့် နေရာ ကျင်းပမည့် ပုံစံများ သတ်မှတ်ရေး၊ UPDJC ၏ လုပ်ငန်း ကော်မတီများတွင် ဆွေးနွေးမည့် စာတမ်းများ၊ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စု သဘောတူ စာချုပ် အပိုင်း(၁)အား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရေး၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်း လမ်းညွှန်များ ပြန်လည် သုံးသပ်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.