Politics, Law & Military
ငြိမ်းချမ်းရေးကော်မရှင်နှင့်DPNအဖွဲ့တို့ ဆွေးနွေးချက်ရလဒ်များအား နှစ်ဘက်ခေါင်းဆောင်များထံ တင်ပြမည်

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဆွေးနွေးချက် ရလဒ်များအား နှစ်ဘက်ခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ကြောင်း ဆဋ္ဌမအကြိမ်အစည်းအဝေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့၏ အဆိုပြုချက် (၉) ချက်အပေါ် ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ဆွေးနွေးချက် ရလဒ်များကိုနှစ်ဦးနှစ်ဘက် သက်ဆိုင်ရာခေါင်းဆောင်များထံသို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကိုရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် သြဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)