Connect with us

Politics, Law & Military

နမ့်ခမ်းမြို့နယ် တွင် လုပ်သေနတ်များ ပြုလုပ်ရောင်းချနေသူအားဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

နမ့်ခမ်းမြို့နယ်၊အမှတ်(၂)နောင်စန့်ကုန်းရပ်ကွက်၌လုပ်သေနတ်များပြုလုပ်ရောင်းချနေသူအားဖမ်းဆီးရမိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊အမှတ်(၂)နောင်စန့်ကုန်းရပ်ကွက်ရှိ မာကွန်(ဘ)ဦးဇခုန်တူး၏နေအိမ်၌ လုပ်သေနတ်များပြုလုပ်ရောင်းချနေကြောင်း သတင်းအရသြဂုတ် ၁၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေစစ်ဆေးရာ

မာကွန်အား လုပ်သေနတ်တစ်လက်၊ ပွိုင့်-၂၂ ပို့ကျည် ၇၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပြည်ပနိုင်ငံတစ်ခုရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ Rapid Gun တစ်လက်ကိုဝယ်ယူပြီး ၎င်း၏နေအိမ်၌ သေနတ်ဒင်နှင့်ပြောင်းများတပ်ဆင်၍ ခဲသီးများပြုလုပ်ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့်မူဆယ်မြို့နယ်များသို့ စုစုပေါင်းလုပ်သေနတ်၁၅ လက်ခန့် ပြုလုပ်ရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်သေနတ်များပြုလုပ်ရောင်းချသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် နမ့်ခမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.