Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Edouard Philippe အား လက်ခံတွေ့ဆုံ

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Edouard Philippe အား ဇွန်လ ၂၅ ရက်က မြို့တော် ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ကမ္ဘာကြီးက အလွန်းလေးနက်ဖွယ် ခက်ခဲရှုပ်ထွေးသော ပြောင်းလဲမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ အပြန်အလှန်လေးစားမှုရှိပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ပုံစံ၊ နိုင်ငံများအကြား အပြန်အလှန် ဖလှယ်မှုများနှင့် သင်ယူမှုတို့အား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)