Connect with us

Politics, Law & Military

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲကို NLDပါတီ နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၌ပြည်သူများမဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ဆင်ဟွာသို့ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ဒုတိယနေ့တွင် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်ခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လက်ရှိ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာရှိကြောင်း အဆိုပါ နေရာများအားလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်လေးနေရာမှာ ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံမြို့နယ်တို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်နေရာမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ( ၂)ဖြစ်ကြောင်း ၊လစ်လပ်တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ရှစ်နေရာမှာ မတူပီမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊တမူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်အမှတ်(၂)၊ မင်းဘူးမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) နှင့် မန ္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တို့ဖြစ်သည်။(Xinhua)