Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၆၆သန်းကျော် ဖိုး မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၆၆.၃၅သန်းကျော် ဖိုးအား ယနေ့ ကျရောက်သော (၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

ယင်း မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါး ၂၅မျိုး၏ ကာလပေါက်ဈေးသည် မြန်မာကျပ် ၈၉ ဘီလီယံကျော်ရှိပြီး အမေရိကန် ဒေါ်လာအားဖြင့် ၆၆.၃၅သန်းကျော်ရှိကြောင်း သိရသည်။

(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ယနေ့ မီးရှို့ဖျက်ဆီးသော မူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိထားသောအမှုပေါင်း ၁၃၁၁မှုမှ မူးယစ်ဆေးဝါးများဖြစ်ကြောင်း ရဲမှူးချုပ်က ဆိုသည်။

“ဒီနှစ် ပြည်နယ်နဲ့ တိုင်း သုံးခုမှာ မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားလုပ်ပါတယ်၊ မနှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့ ယခုနှစ်မီးရှို့မှု နည်းပါတယ်၊ မနှစ်က အမှုပေါင်း ၁၉၂၁မှုပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

ဘိန်းဖြူ ၊စိတ်ကြွဆေးပြား ၊ဆေးခြောက်၊အိုက်စ်(Ice) ၊ တျာမဒေါလ်(Tramadol) ၊ Codeine ဆေးရည်၊ CR အကိုက်အခဲဆေးတောင့် ၊ BPO ဆေးပြား ၊ Inter Drugs ဆေးတောင့်၊ ဘိန်းစာမှုန့် ၊ စိတ်ငြိမ်ဆေး ၊ ဒိုင်ယာ ဆီပင်ထိုးဆေး ၊ ဒိုင်ယာဆီပင်စားဆေး ်၊ အပရာဇိုလမ်စားဆေး ၊ မော်ဖင်း နှင့် ဘိန်းစာရည် စသည့်တို့ကို ယနေ့ မီးရှို့ဖျက်ဆီးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.