Politics, Law & Military
FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်ချ

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
FDA ဝန်ထမ်းအမျိုးသမီး ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသော တရားခံ တက္ကစီသမား မျိုးဇော်ဦး ခေါ် ဆီဒိုးနား ကို ယနေ့တွင် သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ တရားခံသည် ပုဒ်မ ၃၀၂(၁)(ဂ) တို့နှင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ရာတွင် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တရားခံသည် ဇန်နဝါရီလ ၂၁ ရက်နေ့က FDA ဝန်ထမ်း အမျိုးသမီးအိမ်အပြန်ခရီးတွင် တက္ကစီဌားစီးရာတွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)