Politics, Law & Military
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ICE ၅၀၀ ကီလိုဂရမ် ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအဝင်လမ်းမပေါ်တွင် စက်တင်ဘာ ၁၁ ရက်၌ ICE ၅၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးရာ ဝမ်ပုံကျေးရွာအဝင်မုခ်ဦးအား တိုက်မိရပ်တန့်သွားခဲ့ကြောင်း အဆိုပါ ယာဉ်အားရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ICE အလေးချိန် ၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၀ ဘီလီယံ)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသော Iceများနှင့် ပတ်သက်ပြီး ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။(Xinhua)