Connect with us

Politics, Law & Military

ကချင်ပြည်နယ်နှင့် ရခိုြင်ပည်နယ်တွင် မြို့သစ်များ ထပ်တိုးမှု လွှတ်တော် မှတ်တမ်းတင်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မြု ိ့သစ်များတိုးခဲ့ခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စုများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်က ယနေ့ မှတ်တမ်းတင်ခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ရပ်ကွက် ငါးရပ်ကွက် ပါဝင်သည့် နမ်းမား အမည်ရှိ မြို့သစ်၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ရပ်ကွက် ငါးရပ်ကွက် ပါဝင်သည့် လေးတောင် အမည်ရှိ မြို့သစ်နှင့် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် ခြောက်ရပ်ကွက် ပါဝင်သည့် တန်းလွှဲ ရွာမ အမည်ရှိ မြို့သစ်၊ စုစုပေါင်း မြို့သစ် သုံးမြို့ တိုးချဲ့ ဖွဲ့စည်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ကျေးရွာ ရှစ်ရွာအား ပယ်ဖျက်ခြင်း၊ ကျေးရွာအုပ်စု နှစ်အုပ်စုကို အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရပ်ကွက် ခြောက်ရပ်ကွက် တိုးချဲ့ပြီး ကျေးရွာအုပ်စု သုံးအုပ်စုနှင့် ကျေးရွာ ၁၆ ရွာ ပယ်ဖျက်ခြင်း၊ ကျောက်ဖြူ ခရိုင် အမ်းမြို့နယ်တွင် ကျေးရွာတစ်ရွာ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ရမ်းဗြြဲမို့နယ်တွင် ကျေးရွာအုပ်စု သုံးအုပ်စုနှင့် ကျေးရွာ ၁၄ ရွာ ပယ်ဖျက်ခြင်း၊ ကျောက်ဖြူမြို ့နယ်တွင် ရပ်ကွက် ခုနစ်ရပ်ကွက် တိုးချဲ့ ဖွဲ့စည်းပြီး ကျေးရွာအုပ်စု နှစ်အုပ်စုနှင့် ကျေးရွာ ခုနစ်ရွာ ပယ်ဖျက်ခြင်း၊ တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စု တစ်စုနှင့် ကျေးရွာ လေးရွာ ပယ်ဖျက်ပြီး ကျေးရွာအုပ်စု တစ်အုပ်စု အမည်အား ပြောင်းလဲ ပြင်ဆင်ခြင်းတို့ကိုလည်း လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ထိုသို့ မြို့သစ် သုံးခု တိုးချဲ့ခြင်းအပါအဝင် ကျေးရွာများ ပယ်ဖျက်၊ ပြင်ဆင်၊ အမည်ပြောင်းလဲခြင်း များကို နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈ အရ လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.