Politics, Law & Military
သင်္ကြန်အကြိုနေ့တွင် လားရှိုးမြို့၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ သင်္ကြန်အကြိုနေ့( ဧပြီလ ၁၃ ရက်)က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဘုရားဝန်းရှေ့ ပန်းခြံအနီး ကားရပ်နားရာနေရာတွင် နံနက် ၁၁ နာရီ ၄၅ မိနစ် က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံးသူများသည် ဘုရားသို့ ဘုရားဖူးလာသူများဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူများကို လားရှိုးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှုးကြီးတစ်ဦးက ပြောသည်။
ယင်း ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်နိုင်ရန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။ (Xinhua)