Connect with us

Myanmar

မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၂ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ကို သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၂ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီလ ၆ ရက်က နေအိမ်တစ်လုံးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ဆပ်ပြာပုံးအတွင်း ဘိန်းဖြူ ၁၁ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့မှာပင် ကလေးမြို့ရှိ အခြားအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ဆပ်ပြာပုံးများအတွင်း ဘိန်းဖြူ ၁၁ ကီလိုဂရမ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုများအတွက် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများမှာ ကျပ်ငွေ ၁.၁ ဘီလီယံ ရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မန္တလေးမြို့မှ ကလေးမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းမှုများအရ သိရသည်။

သံသယရှိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117