Connect with us

Politics, Law & Military

မြန်မာနိုင်ငံက ၁၁ လတာ တားဆီးနှိမ်နင်းမှုများအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၀,၀၀၀ ကျော်အား ပြည်နှင်ဒဏ်ပေး

မြန်မာနိုင်ငံ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့သည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၀,၀၀၀ ကျော်အား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံပိုင်နေ့စဉ်သတင်းစာ ကြေးမုံက အောက်တိုဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။ယင်းကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက်က ကျင်းပပြုလုပ်သည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှု ရယူဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices-BLOs) ကွန်ရက်စနစ်တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ အပြန်အလှန်မျှဝေဖလှယ်နိုင်ရေးအတွက် BLO အစည်းအဝေးများကိုလည်း အခါအားလျော်စွာစဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်သွားကြရန်လည်း ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)