Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ICE ၄၀ ကီလိုဂရမ် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော Iceများ အားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ICE (မက်သ်ဖက်တမင်း) ကီလိုဂရမ် (၄၀) ကီလိုဂရမ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နေအိမ်တစ်လုံးအား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇွန်လ ၈ ရက်က ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ကျပ်ငွေ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၀,၀၀၀ ကျော်) တန်ဖိုးရှိ ICE (မက်သ်ဖက်တမင်း) များနှင့် တရားခံတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ သံသယရှိသူအား မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)