Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုဂရမ်နှင့် ကက်တမင်း ၂၀၀ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော အိုက်စ် (မက်သ်အဖက်တမင်း) နှင့် ကက်တမင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ
အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုဂရမ်နှင့် ကက်တမင်း ၂၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၂ ရက် နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ရက် မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေး ရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း မှာထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလိုဂရမ်၊ ကက်တမင်း ၂၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ယာဉ်ပိုင်ရှင်အား ဇွန်လ ၉ ရက် နံနက် ၁ နာရီအချိန် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃) ရှိ ၎င်း၏ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာကားကြီးကွင်းရှေ့တွင် ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ် မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117