Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အိန္ဒိယ ခရီးစဉ်၌ MoU ခြောက်ခု လက်မှတ်ရေးထိုးရန် လျာထား

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်း မီဒီယာများအား ရှင်းလင်းဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ခြောက်ခုတို့ကို လက်မှတ်ရေးထိုးရန်လျာထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ မီဒီယာများနှင့်တွေ့ဆုံစဥ်ရှင်းလင်း ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး MoU ခြောက်ခု လက်မှတ်ထိုးရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ MoU များတွင် မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားမှ ကျားထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စ ပူးပေါင်း ဆောင်ရွက်ရေး၊ Quick impact စီမံကိန်းအတွက် အိန္ဒိယနိုင်ငံက grant ပေးရေး၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်၊ ဂွမြို့နယ် ဖွံ့ဖြိုး တိုးတက် ရေးအကူအညီများပေးအပ်ရေး၊  ရခိုင်ပြည်နယ်မှ မြို့ ငါးမြို့ကို ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ပေးရေး၊ ဘူးသီးတောင် မြို့ထဲ၌ လမ်းဖောက်လုပ်ရေးကိစ္စနှင့် ဆေးဝါး သုတေသနကိစ္စများ၌ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးတို့ပါဝင်ကြောင်း ၎င်းက မီဒီယာသို့ ဖြေကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်း မီဒီယာများအား ရှင်းလင်းဖြေကြားနေစဉ် (ဆင်ဟွာ)

ယခု ခရီးစဉ်သည် အိန္ဒိယနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း၊  ဖေဖော်ဝါရီ ၂၆ ရက်တွင် နေပြည်တော်မှ ထွက်ခွာပြီး နယူးဒေလီသို့ ရောက်ကာ မြန်မာနိုင်ငံ သံရုံးမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၂၇ ရက်နေ့နံနက်တွင် အိန္ဒိယ ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး ဝန်ကြီးချုပ်က တည်ခင်းသော နေ့လယ်စာ စားပွဲတက်ရောက်မှာ ဖြစ်ကြောင်း၊ ၂၇ ရက်နေ့ ညနေပိုင်းတွင် အိန္ဒိယ သမ္မတနှင့် တွေ့ဆုံပြီး အိန္ဒိယ သမ္မတက တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ၂၈ ရက်၌ ဗုဒ္ဓဂါယာနှင့် ၂၉ ရက်တွင် အာဂရာမြို့ရှိ တာ့ချ်မဟာ သို့ သွားရောက်ပြီး  နေပြည်တော်သို့ ပြန်လာမည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ရှင်းလင်း ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.