Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုင်းခုတ်မြို့တွင် ကျပ်သိန်းပေါင်း၁၁,၀၀၀ ကျော်တန်ဖိုး ရှိမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ မိုင်းခုတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း၁၁,၀၀၀ ကျော်တန်ဖိုး ရှိမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ၁၅း၄၅နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းခုတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာအုပ်စု၊ ကျဘိုရှီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်တွေ့ရှိသူ ၅ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့သယ်ဆောင်လာသောအိတ်များအား ပစ်ချ၍ထွက်ပြေးသွားသဖြင့် အဆိုပါအိတ်များအား ရှာဖွေရာ ICE အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၉၉၉,၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၉၉၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရိသည်။ 

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.