Connect with us

Politics, Law & Military

NDF မှ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကြည့်မြင်တိုင်မြို့နယ် ပါတီရုံးဖွင့်ပွဲ အခမ်းအနား၌ NDF ပါတီ ဥက္ကဌ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- NDF ပါတီ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၁ ခု၊ မဲဆန္ဒနယ် ၄၂ ခု၊ မကွေးတိုင်း ဒေသကြီးတွင် မြို့နယ် ၅ ခု၊ မဲဆန္ဒနယ် ၁၈ ခု၊ ကရင်ပြည်နယ်တွင် မြို့နယ် အရေအတွက် ၅ ခု၊ မဲဆန္ဒနယ် ၁၇ နေရာ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြို့နယ် ၄ခု၊ မဲဆန္ဒနယ် ၇ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

NDF ပါတီမှ ဥက္ကဌ ဦးခင်မောင်ဆွေက “ နောက်ထပ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ တိုးလာမယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကိုလည်း ကျွန်တော်တို့ ထပ်ပြီး ထုတ်ပြန် သွားမှာပါ။ ကျန်နေသေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက လူဦးရေ စာရင်းကို မကြာခင် ထုတ်ပြန်ပေးသွားမှာပါ’’ ဟု ဆင်ဟွာကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီ လွှတ်တော်နေရာ နေရာတချို့တွင် အနိုင်ရရှိခဲ့ပြီး၊ NDF မှ ဒေါက်တာ တင်ရွှေက ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ ဒုတိယ ဝန်ကြီးနေရာ ခန့်အပ်ခြင်း ခံထားရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.