Connect with us

Politics, Law & Military

NLD ၏ မူဝါဒ၊ အသွင်ကူးပြောင်းရေး ကိစ္စများအတွက် ဒေါက်တာဇော်မြင့်မောင်အား ပြောရေးဆိုခွင့်ရှိသူအဖြစ် တိုးချဲ့တာဝန်ပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ- National League for Democracy)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ မူဝါဒ၊ အသွင်ကူးပြောင်းရေး ကိစ္မများအတွက် မန္တလေးတိုင်း၊ အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်အား ပြောရေးဆိုခွင့်ရှိသူ အဖြစ် တိုးချဲ့တာဝန်ပေးလိုက်ကြောင်း ယနေ့ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။

ယခင် အဖွဲ့ချုပ်၏ မူဝါဒ၊ အသွင်ကူးပြောင်းရေး ကိစ္စများကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သာ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ယခု ဒေါက်တာ ဇော်မြင့်မောင်အား ပြောရေဆိုခွင့်ရှိသူအဖြစ် ထပ်မံ တိုးချဲ့တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ မန္တလေးတိုင်း၊ အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် လျာထားခံရသည့် စာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.