Connect with us

Politics, Law & Military

ကျသင့်ခွန်ထမ်းဆောင်ခြင်း မရှိသော အထူးကုန်စည် ၁၆ မျိုး အား ဖမ်းဆီးရရှိရေးအတွက် သတင်းပေးတိုင်ကြားသူအား ဒဏ်ငွေ၏ ၁၀ရာခိုင်နှုန်း ဆုကြေးပေးမည်

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနရုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး)

ရန်ကုန်၊မတ် ၈ ရက် (ဆင်ဟွာ)

အရက်၊ ဘီယာ၊ စီးကရက်၊ ကျောက်စိမ်း၊ ကျွန်း နှင့် သစ်မာ အပါအဝင် အထူးကုန်စည် ၁၆ မျိုးကို ကျသင့်အခွန် ထမ်းဆောင်ခြင်း မရှိသော အထူး ကုန်စည်များ ဖမ်းဆီးရရှိရေး အတွက် သတင်းပေး တိုင်ကြားသူအား ရရှိသည့် ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလားတူ ကျသင့်အခွန် ထမ်းဆောင် ထားခြင်း မရှိသော အထူးကုန်စည် များကို ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့အား ဒဏ်ရိုက်၍ ရရှိသော ဒဏ်ငွေ၏ ၂ဝ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ချီးမြှင့် သွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းတွင် ထုတ်လုပ်သည့် အထူးကုန်စည် များဖြစ်ပါက ထုတ်လုပ် ရောင်းချသူအား ကုန်စည် တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်း ဒဏ်ရိုက် သွားမည်ဖြစ်ပြီး ရရှိသည့် ဒဏ်ငွေထဲမှ ၁ဝ ရာခိုင်နှုန်း အား သတင်းပေး တိုင်ကြား သူကိုပေးမှာဖြစ်ကြောင်း၊၂ဝ ရာခိုင်နှုန်း အားရှာဖွေဖမ်းဆီးပေးသည့်အဖွဲ့အား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျသင့်အခွန် ပေးဆောင် ရာတွင် ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်း မပြုမီ ကျသင့် အကောက်ခွန်နှင့် အတူ ပေးဆောင်ရမည် ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်း ဖြစ်ပါက ရောင်းချသည့်လ ကုန်ဆုံးပြီး ၁ဝ ရက်အတွင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် အကောက်ခွန် ဥပဒေသစ်တွင် အထူးကုန်စည် အမျိုးအစား ၁၆ မျိုးပါဝင်ပြီး ယင်း အမျိုးအစားများ တွင် စီးကရက် အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ ၁ဝ လက်မ ပတ်လည်နှင့် အထက် ကျွန်းနှင့်သစ်မာ သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် တခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ၊ အချောထည် များနှင့် လက်ဝတ် ရတနာများ၊ Double Cab 4 Door Pickup မှအပ ၁၈ဝဝ စီစီ အထက် ဗင်ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီနှင့် သဘာဝ ဓာတ်ငွေ့များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.