Connect with us

Politics, Law & Military

NLD အနေဖြင့် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များ၌ ရွေးကောက်ပွဲ အနိုင်ရရေး ရုန်းကန်ရမည့် အခြေအနေဟုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး သတင်းစာရှင်းလင်းပွဲ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ဒေသများတွင် ဝင်ရောက် ယှဉ်ပြိုင်လျှင် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် အနိုင်ရရှိရေး အတွက် ရုန်းကန်ရမည့် အခြေအနေရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

တိုင်းရင်းသား ဒေသများ ဖြစ်သည့် မွန်၊ ကရင်နှင့် ချင်းပြည်နယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရလဒ်ကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူးနှင့် ရခိုင်စသည့် တိုင်းနှင့် ပြည်နယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အား ဘာသာရေးအရ တိုက်ခိုက်မှုများ ရှိကြောင်း ၊ ၎င်းတို့ကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး NLD အနေဖြင့် ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမည် မဟုတ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အဖြစ် အောက်တိုဘာလ ၂ ရက်မှ ၅ ရက်နေ့ထိ ကချင်ပြည်နယ် အတွင်းရှိ ဝိုင်းမော်၊ မိုးညှင်းနှင့် မိုးကောင်းသို့ လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ ထိ ရခိုင်ပြည်နယ် အတွင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွသို့ လည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ ရှမ်းပြည်နယ် တောင်ပိုင်းသို့ လည်းကောင်း သွားရောက်မည် ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၃၁၈ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၃ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၆၂၀ နှင့် တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ်တွင် ၂၉ ဦး စုစုပေါင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁,၁၃၀ ဦးဝင်ရောက်မည် ဖြစ်ပြီး အဆိုပါ ၁,၁၃၀ ထဲတွင် တိုင်းရင်းသား ပါဝင်မှု ၃၆၀ ဦးနှင့် အမျိုးသမီး ပါဝင်မှု ၁၇၀ ဦး တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.