ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားရှိသည့် အနေကြာ အချုပ်သားများအား ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် ငွေကျပ် ၂၂,၄၂ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် သိန်း ၁,၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၌သဘောတူညီချက် (၇) ချက်ရရှိခဲ့ကြောင်းအစည်းအဝေးအပြီးသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမျိုးသား(၃)ဦးအား လက်ခတ်လှေတစ်စီး နှင့် အတူ စိတ်ကြွဆေးပြား ၁၁၇,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်) နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော် အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၃၀ ခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ဟူသည့် တစ်ကမ္ဘာ လုံးဆိုင်ရာ ရည်မှန်းချက် အောင်မြင်ရန် စားနပ် ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက် အောင်မြင် စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရာတွင်...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးဌာန သုံးခုတွင် ဒုတိယ ဝန်ကြီး သုံးဦးအားခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်းက မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ငွေကျပ် ၁,၄၂၂ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့သည် ယနေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်ညပိုင်းက တရားမဝင်သစ် တန် ၅၀ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။