Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေကျပ် ၂,၆၉၅.၆၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အောင်သန်းအားဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေကျပ် ၂,၆၉၅.၆၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက် ၁၂း၃၀နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကော်ဖီဆိုင်ရှေ့တွင် အောင်သန်း မောင်းနှင်လာသော Mark II အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်မောင်း၏ထိုင်ခုံဘေးနှင့် ယာဉ်နောက်ခန်းရှိ သံသေတ္တာအတွင်းတို့မှ ဆပ်ပြာခွက် ၁၃၉ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁ ဒသမ ၇၉၆ ကီလိုဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁,၉၆၃ ပြားတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ အောင်သန်း(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.